Facebook နဲ့ Social media အဆိပ်အတောက်ဖြေခြင်း

Facebook နှင့် လူမှုကွန်ယက် အဆိပ်အတောက်ဖြေခြင်း

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ခြူး Facebook ပေါ်ကနေ ၁လလောက် လုံးဝ ပျောက်သွားခဲ့တယ် ။ ရိုးရိုးလေးပါပဲ ဘာပုံတွေ စာတွေမှ မတင်ဖြစ် တော့သလို တင်ထားတာတွေလဲ မကြည့်ဖြစ်တော့ဘူး။ ပန်းချီပညာဓါန ဝေမျှနေတဲ့ page လေးကိုလဲ video လေးတွေ ဒီတိုင်း ခဏရပ်ထားပြီး ပန်းချီကားပုံလေး ၄ ၅ ပုံ schedule post လုပ်ခဲ့ပြီး တလလောက် မသုံးဘဲ ထားခဲ့တယ်။ 

ဒါတွေ ဘာကြောင့်လုပ်ဖြစ်ခဲ့တာလဲ? သူများတွေ အသဲအသန် အခု Stay Home ကာလမှ အင်တာနက်နဲ့ Facebook ကို အရင်ထက် အများကြီး ပိုအသုံးပြုလာကြတဲ့အချိန်မှာ Detox လုပ်မယ် ဆိုတော့ နဲနဲ တော့ အထူးအဆန်း ပေါ့နော်။ Detox တဲ့ – အညစ်အကြေးအဆိပ်အတောက်တွေကို ဖယ်ရှားခြင်း / အဆိပ်ဖြေခြင်း – ဒီလိုပြောတဲ့ အခါ – လူမှုကွန်ယက်ကနေ သူငယ်ချင်းတွေနဲ့လဲ အဆက်မပျက်ဘူး၊ အပျင်းလဲပြေတယ်၊ လေ့လာသင်ယူချင်တာတွေ၊ မှီငြမ်းရတာတွေနဲ့ အမြဲ တိုးတက်စေတဲ့ အရာတခုပဲ ဘာအညစ်ကြေးတွေ ပါသေးလို့လဲ ဆိုပြီး တွေးစရာပဲနော်။ ဒါပေမယ့် အောက်က အချက်လေး 5 ချက်ကို ဖတ်ကြည့်ပြီးရင်တော့ ဘာကြောင့်ဆိုတာ နားလည်သွားမှာ သေချာပါတယ်။ 

ခြူးက ပန်းချီပညာနဲ့အသက်မွေးနေတဲ့ ပန်းချီဆရာမတယောက်ရဲ့ ဖန်တီးမှု ဘက်ကအမြင်နဲ့ ဝေမျှထားပေမယ့် တခြား ဘယ်အလုပ်ကိုပဲ လုပ်နေပါစေ အစားထိုးခံစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဟုတ်မဟုတ် ဖတ်ကြည့်လိုက်ဦးနော်!

 

🍁ပုံသွင်းလွှမ်းမိုးခံရမှု

ဒါကတော့ အဓိက အခြေခံ အကျဆုံး တချက်ပါပဲ။ “တွေ့ပါ မြင်ပါများတော့ စိတ်မှာ ချစ်ကျွမ်းဝင် » ဆိုတဲ့ အတိုင်း Facebook ပေါ်မှာ ခဏ ခဏ မြင်ရဖန်များတော့ အားလုံးက အမှန်တွေလို့ ထင်လာတယ်၊ လိုချင်မှုတွေ ၊ မသိမသာ သိသိသာသာ ကြွားချင်တာလေးတွေ ဖြစ်လာတယ်။ ကိုယ့်ရဲ့ အလုပ်၊ အဝတ်အစား၊ အပြုအမှု၊ ဖန်တီးမှု – ဒါတွေကို တခြားသူတွေမြင်ရင် သင့်တော်စေချင်တဲ့ စိတ်နဲ့ ကိုယ့်ကိုကိုယ်ပြောင်းလဲရင်း လွှမ်းမိုးခံရလာတယ်။ မသိမသာ ပြောင်းလဲလာရင်း အချိန်ကြာလာတော့ ကိုယ်ဟာ Facebook က ပုံသွင်းခံရတဲ့ ပုံစံအဖြစ် ပြောင်းလဲလာရတယ်။ 

ဒီလိုအချိန်မှာ ဖန်တီးမှုတွေ မလတ်ဆက်တော့ဘူး။ ပန်းချီရေးဆွဲမယ့် ပန်းချီကားတွေအကြောင်းအရာတွေမှာလဲ လူကြိုက်များစေချင်တဲ့ အချက်တွေ မသိမသာ ပါလာတော့ အနုပညာရဲ့ တန်ဖိုး- ရိုးသားမှုက မစစ်မှန်​တာတွေဖြစ်လာရစေတယ်။ 

 Detox လုပ်လိုက်တဲ့အခါမှာတော့ ကိုယ့်စိတ်ထဲက ရည်ရွယ်ထားတဲ့ ပန်းတိုင်ကို ပိုအာရုံစိုက်လာတယ်။ ကိုယ စိတ်ထဲက တကယ် လိုချင်တာကို ကိုယ်ပြန်ကြားလာရတယ်။ 

 

🍁ကိုယ်ပိုင်အချိန်

ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ပြီး မေးခွန်းတွေထုတ်ခဲ့ဖူးတာ ဘယ်တုန်းက နောက်ဆုံးလဲ? တွေးမိလား? Facebook ပေါ်မှာ သူများတင်တာများလို့ လိုချင်လာတဲ့ ဖုန်း၊ ဖုန်းတောင် ဘယ်အရောင်မှ ဘာအမျိုးစားမှ၊ သူများလိုချင်ကြလို့ လိုချင်မိလိုက်တဲ့ အရာ၊ ဝယ်မိလိုက်တဲ့အရာတွေ၊ သွားမိလိုက်တဲ့ နေရာတွေက တကယ့် ကိုယ့်ပုံစံရော ဟုတ်ရဲ့လား။ 

ကိုယ်လိုချင်တဲ့ ဘဝပုံစံက ဘယ်လိုမျိုးလေးလဲ? ကိုယ်က ဘဝကို ဘယ်လို ဖြတ်သန်းချင်လဲ? ဘယ်သူတွေနဲ့ ဖြတ်သန်းချင်တာလဲ? လုပ်နေတဲ့အလုပ်နဲ့ သွားနေတဲ့ လမ်းကြောင်းက လွဲနေပြီးလား? 

ဒီလိုကိုယ့်ဘဝလေးအတွက်ကို သေချာ အချိန်ယူ စဉ်းစားပြီး ကိုယ်လုပ်နေတာနဲ့ ကိုယ်ရဲ့ နက်ရှိုင်းတဲ့ ရင်ထဲ စိတ်ထဲက ကိုယ့်အသံကို ပြန်ကြားဖို့ ကိုယ်ပိုင် အချိန်လေးတွေလိုပါတယ်။ စာအုပ်လေးတွေ စိတ်ရှင်းရှင်း အချိန်ပေးဖတ်တာ၊ ကိုယ် ဝါသနာပါတာလေးတွေ လုပ်ကြည့်ရင်း တွေးတာ ၊ အူကြောင်ကြောင် အချိန်ဖြုန်းနည်းလို့ ထင်ရတဲ့ ကိုယ့်ရဲ့ အပန်းဖြေစရာလေးတွေ ဖန်တီးတာ – ဒါတွေက ရှေ့လျှောက်မယ့် အနာဂါတ်အတွက် သေးသေးလေးဆိုပေမယ့် အထောက်ကူပေးတဲ့ အရာလေးတွေပါပဲ။ ဒါတွေကို ပိုပီပီပြင်ပြင် တွေးမိလာစေတယ် အကြံသစ်တွေ၊ ရင်းနှီမြုပ်နှံမှု အသစ်တွေ အများကြီးပေါ်လာစေတယ်။ 

အနုပညာဖန်တီးမယ့် သူတွေနဲ့ အသစ်တွေကို ယူဆောင်လာသူ ဖြစ်ချင်ရင်တော့ ဘယ်အရာရဲ့ လွမ်းမိုးမှုမှ မရှိဘဲ ကိုယ့်အတွက်ကို အချိန်ယူ တွေးတော့ဖို့ ဆိုတာ ဖယ်ထားလို့ မရဘူး။ 

 

🍁ခန္ဓာကိုယ် အနားပေးမှု

အပေါ်က ၂ချက်က မမြင်ရဘဲ တွေးတောခံစားရတဲ့ အချက်တွေ ဒီတခုကတော့ ထိလို့ ကိုင်လို့ရတဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ် အကြောင်းပါ။ Facebook သုံးတာ ဒီတိုင်း သုံးလို့ မရဘူးနော် ကိုယ့်ခန္ဓာကိုယ်မှာ အင်အားစိုက်ထုတ်မှုတွေလုပ်ရတယ်။ အထူးသဖြင့် အမြင်အာရုံ မျက်လုံးပဲ။ အချိန်တော်တော်များများ ဖုန်း၊ computer screen တွေကိုပဲ ကြည့်နေရတော့မထိခိုက်ဘဲ ဘယ်သူခံနိုင်မလဲ။ နာရီဝက်ခြားတခါ နားနားပြီး မျက်လုံးလေ့ကျင့်ရေးလုပ်တဲ့ သူက အရှားသား။ နောက်ပြီး ညဘက်တွေသုံးတဲ့ အခါ screen က အလင်းရောင်က ဦးနှောက်ကို နေ့အချိန်ပဲလို့ ထင်ရအောင် လှည့်စားတတ်လို့ ကြည့်လေကြည့်လေ မအိပ်ချင်လေ ဖြစ်တတ်သေးတယ်။ ဒါတောင် အထိုင်များလို့ နောက်ကြောနာတာ၊ ကြည့်တဲ့ပုံမမှန်လို့ မျက်လုံးနဲ့ တခြား ခန္ဓာကိုယ်မှာ ဒဏ်ပိတဲ့ အကြောင်းတွေ မပါသေးဘူး။ နောက်တခုက စိတ်ကူးယဉ်ပုံဖော်တတ်တဲ့ ခံစားမှု ပျောက်ဆုံးလာတာပဲ။ Facebook မှာ လက်ညှိုးလေး တချောင်းနဲ့ ပွတ်ပြီးကြည့်လိုက်ရင် ၁စက္ကန့်အတွင်း အကြောင်းအရာ၊ ဓါတ်ပုံတွေအများကြီး ပြောင်းသွားနိုင်တယ်။ ဖျက်ခနဲကြည့် ဖျက်ခနဲ နောက်တခုပြောင်း၊ ကိုယ်အကြာဆုံးကြည့်မိတဲ့ အရာတွေက မိနစ်ပိုင်းထပ်မပိုဘူး။ video တွေ ၁၅မိနစ်ထပ် ရှည်ရင်တောင် ကြည့်ဖို့ ပျင်းလာတယ်။ ဒီတော့ စာအုပ်တအုပ်ကို ကြာကြာဖတ်ပြီး စိတ်ကူးပုံဖော်တဲ့သူတွေထက် ပုံဖော်နိုင်မှု၊ အကြောင်းရာ တခုတည်း အာရုံစိုက်နိုင်မှုက လျော့လာရတယ်။ 

အာရုံစိုက်မှုနဲ့ ဖန်တီးမှု အရေးကြီးတဲ့သူတွေအတွက် ဒီဖျက်ခနဲအတွေးတွေက တီထွင်မှုကိုတော်တော်သက်ရောက်တယ်။

ဒါကြောင့် ဖန်တီးမှုအသစ်တွေ စတော့မယ်၊ ပန်းချီကားအသစ်တွေ ရေးတော့မယ်ဆိုရင် အပြည့်အဝ ဖန်တီးခံစား၊ ပုံဖော်နိုင်အောင် social media detox က လိုအပ်တယ်လို့ ခြူးထင် တယ်။ 

 

🍁ပန်းချီဆရာနဲ့social media

Facebook နဲ့ social media က ပန်းချီဆရာတယောက်အတွက် ရပ်တည်နိုင်အောင် ကူညီရဲ့လားဆိုတဲ့ မေးခွန်းပါ။ social media သုံးဖို့ အရေးကြီးတယ် ဆိုပေမယ့် ကိုယ်သွားမယ့် လမ်းကြောင်းက ဘာလဲဆိုတာ သိဖို့လိုပါတယ်။ Facebook ဆယ်လီ တယောက်ဖြစ်တာ/လူလေးနဲနဲသိတာနဲ့ ပန်းချီဆရာဖြစ်ရောလားလို့ ထင်ကြမှာ အလွန်စိုးရိမ် စရာပါ။ကျန်တဲ့ နယ်ပယ်တွေလဲ ဒီလိုပဲ ဖြစ်ကြလိမ့်မယ်လို့ ထင်ပါတယ်။ Facebook မှာ လူသိများတဲ့အခါ ရပ်တည်လို့ ရတဲ့ အလုပ်တွေလဲ သပ်သပ်ရှိပါတယ်။ ကိုယ့်က အဲ့လိုအလုပ်ကို ရွေးချယ်တာ မဟုတ်ဘူးဆိုရင် – လူသိလာတာဖြစ်နိုင်ပေမယ့် လူအားပေးလက်ခံတဲ့ အရည်အချင်းမရှိရင် ရေရှည် ရပ်တည် မနေနိုင်တာ လူတိုင်းသိပါတယ်။ ဒါကြောင့် Facebook ပေါ်မှာ လူကြိုက်များဖို့ အာရုံစိုက် ကြိုးစား အချိန်ကုန်ရတာတွေအတွက် ပြန်ပြီး အချိန်ယူ ချင့်ချိန်စေတယ်။ ကိုယ့် ပန်းချီကို like များစေချင်တဲ့စိတ်၊ ကိုယ့်ပုံကို like ရစေချင်တဲ့စိတ်တွေ မွှန်ပြီး တကယ့် အရေးကြီးတဲ့ အနှစ်သာရကို မေ့နေမှာ စိုးရိမ်ရတဲ့အချက်ကို social media detox က ပြန် အရှိန်သတ်ပြီး အဓိကကို အဓိကအဖြစ်ပြန်မြင်စေပါတယ်။ 

နောက်ပြီး like များတိုင်း share များတိုင်း ကိုယ့်ရဲ့ ဖန်တီးမှုတွေ့ကောင်းလှချည့်၊ ကိုယ့်ကိုကိုယ် တော်လှချည့်လို့ သွေးနားထင်ရောက်နေတာတွေကိုလဲ သွေးတိုးကျစေပါတယ်။ လက်ရှိမများသေးရင်လဲ များလာအောင်လုပ်ချင်စိတ်တွေကို ဆွဲခြမ်းစိတ်ဖြာစေတယ်။ တကယ့် အပြင်လောကမှာ social media လုံးဝ မသုံးဘဲ၊ သုံးစရာတောင် မလိုပဲ နာမည်တွင် ကျန်ရစ်တဲ့ ပညာရှင်တွေ အများကြီးရှိတယ်၊ တကယ်ရှိတယ် ဆိုတာ ပြန်တွေးမိပြီး ကိုယ့်ခြေလှမ်းတွေကို မွမ်းမံနိုင်စေတယ်။ 

 

🍁social media နဲ့ ဝင်ငွေ

ဒီတခုက အပေါ်က တခုနဲ့ ဆက်စပ်တဲ့ လက်တွေ့ကျတဲ့အချက် ငွေရေး ကြေးရေးပါ။ ကျန်တဲ့ နယ်ပယ်မှာ ဘယ်လိုတွေရှိမယ် မသိရပေမယ့် ပန်းချီမှာတော့ social media က ပန်းချီဆရာတယောက်ကို ငွေဝင်အောင် အနည်းငယ်ကူညီနိုင်ပေမယ့် လုံးဝရပ်တည်ဖို့ အတွက်ဆို ကိုယ်တိုင် အရည်ချင်းရှိမှရမယ်ဆိုတာ အမြဲပြန် သတိရှိနေအောင် Detox က အရေးကြီးပါတယ်။ Facebook မှာ like များ follower များပေမယ့် ဒီထဲက ပန်းချီကားတကယ် ဝယ်တဲ့သူ ဘယ်နှယောက်ရှိသလဲ? ဒီထဲက ပြည်ပမှာ ပြပွဲပြဖို့ ဖိတ်ကြားတဲ့သူ ဘယ်နှယောက်ရှိလဲ?ဒီလိုပြန်တွေးပြီး ချင့်ချိန်နိုင်ပါတယ်။ အင်တာနက်ပေါ်မှာ ပရင့်ထုတ်ပြီး ရောင်းတာ၊ လက်မှုဆန်တဲ့ ပန်းချီဖန်တီးမှုမျိုးလုပ်တာ၊ ပုံတူရေးဆွဲမျိုးကို မပြောလိုပေမယ့် အနုပညာစစ်စစ် ဖန်တီးချင်တယ်၊ နိုင်ငံတကာမှာလဲ ရင်ဘောင်တန်း ထိုးဖောက်ကြည့်ချင်တဲ့ အနုပညာသမား၊ အနုပညာရှုးသွပ်သူဆိုရင်တော့ ဒါတွေကတကယ်မလိုပါဘူး။ 

Facebook မှာ အားပေးတာတွေ့ရတော့ ပျော်ရွှင်ရတာ၊ အသိမိတ်ဆွေတိုးရတာတွေ ရှိပေမယ့် ခြူး detox လုပ်တဲ့အခါ တွေ့ရတာက social media မရှိဘဲလဲ ပန်းချီဆရာတယောက်က ရပ်တည်နိုင်တယ်ဆိုတာ သွားတွေ့ရတယ်။ မလိုအပ်ဘဲ social media ပေါ်မှာ အတင်းအားထုတ်မိနေသလားဆိုတာလဲ ပြန်တွေးမိစေတယ်။ ပြီးခဲ့တဲ့နိုင်ငံတကာပြပွဲမှာလဲ ဖိတ်ခေါ်ခံခဲ့ရတုန်းက social media နဲ့ မပတ်သတ်ကြသလို ၊ အပြင်မှာ မတွေ့ဖူး မဆုံဖူး၊ Facebookပေါ်မှာ friend တောင် မဖြစ်ကြတာတွေများတယ်။ ပန်းချီကားဝယ်တဲ့သူတွေကလဲ တကယ်အပြင်မှာ ပြခန်းမှာသေချာ မြင်တွေ့ကြည့်ပြီးမှ ဝယ်သွားတာတွေများတဲ့အတွက် ကိုယ်သွားနေတဲ့လမ်းကြောင်း၊ကိုယ့်လုပ်မယ့် အရာနဲ့ အသင့်တော်ဆုံးကို ပြန်စဉ်းစားမိစေတယ်။ 

​မကြာခဏဆိုသလို ပြည်ပက ပန်းချီကားဝယ်သူတွေကို Facebook လိပ်စာပေးဖို့တောင် မလုံမလဲဖြစ်မိတယ်၊ အလှပုံတွေ တင်ထားတာ များလို့ 😅။ လူငယ်လဲဖြစ်၊ မိန်းကလေးလဲဖြစ်တော့ ပုံလှလှလေးတွေ ကိုယ့်စိတ်နဲ့ကိုယ် တင်ချင်လို့ တင်ထားပေမယ့် ပြင်သစ်ကခြူးရဲ့ ပန်းချီမန်နေဂျာနဲ့ဆို အဲ့လို မပေးဖို့ မသုံးဖို့ ကွန်ပလိန်းတက်တယ်။ မြန်မာပြည်မှာတော့ ဒီလိုပဲ ငါလဲ မြန်မာဆိုတော့ သုံးချင်တာပဲလို့ ပြန်ပြောတယ်အမြဲ (ဒါက ဟာသအနေနဲ့အမှတ်တရလေးပေါ့)

 

ဘာပဲဖြစ်ဖြစ်ဒီလောက်ဆိုရင် အတွေးလေးတွေလဲရပြီ၊ ခြူးနဲ့ တူတာလေးတွေရှိရင်လဲ Detox လုပ်လို့ရအောင် မျှဝေပေးလိုက်ပါတယ်။ ခြူးကတော့ ကိုယ့်အလုပ်နဲ့ မဆိုင်တဲ့ ပုံလှလှလေးတွေလဲ တင်ဖြစ်ဦးမယ်၊ ပန်းချီကားတချို့လဲ တင်မယ်၊ ပညာဒါန အပျော် video လေးတွေလဲ ဖန်တီးဖြစ်နေဦးမှာပါ။ Facebook က ခင်ခွင့်ရပြီး အပြင်မှာလဲတွေ့ကြ –နောက်- -အရမ်းခင်ရ ချစ်ရတဲ့ အပေါင်းသင်း မိတ်ဆွေတွေ ရှိလာတာလဲ ဆုလာဒ်တွေလို့ မှတ်ယူတယ်။ ဒါပေမယ့် ၁နှစ်တခါ လောက်တော့လဲ ကိုယ့်ကိုကိုယ်အတွက် ဆန်းစစ် လေ့လာ မေးခွန်း ထုတ်ဖို့ အချိန်ယူဖြစ်နေဦးမှာပါပဲ။ 

ဒီတခေါက်ဆို ၃ပတ် detox လုပ်ပေမယ့်အရမ်း စိတ်ချမ်းသာ ငြိမ်းချမ်းနေလို့ ၁လလောက်ကြာသွားတယ်။ ဘယ်လို အချိန်တွေမှာ detox လုပ်သင့်လဲ တွေးနေရင် —-

🧩facebook က ဘဝတွက် မရှိမဖြစ် အစိတ်အပိုင်း တခုဖြစ်လာတယ်လို့ တွေးမိလာရင်

🧩ဘေးမှာ တကယ်ရှိတဲ့ မိသားစု၊ သူငယ်ချင်း၊ အလှအပ၊ ပတ်ဝန်းကျင်—ဒါတွေထက် Facebook ထဲကိုပို အလေးထားတာမျိုး၊ အချိန်ပေးတာမျိုး ဖြစ်လာရင်

🧩facebookကနေ ဝင်ငွေတို့ အလုပ်တို့ သင်တန်းတို့ ရှိတာမဟုတ်ဘဲ တရက် ၃နာရီအထက် အချိန်ဖြုန်းဖြစ်ရင်

🧩facebook သုံးရင်း မနာလို/အားကျ/ တန်ဖိုးကျ/ နှိုင်းယှဉ်/ မကျေမနပ်/ အလိုမပြည့် ဒါမျိုးလေးတွေ ဖြစ်လာရင် (ဒီတခုကတော့ မသိသာလို့ သေချာဂရုစိုက် မှ သတိထားမိမယ်)

 

ဒါဆိုရင်တော့ အနဲဆုံး ၁လလောက်တော့ ကိုယ့်ကိုကိုယ်အတွက် အချိန်ယူပြီး Detox လုပ်ကြည့်လိုက်ဦးနော်။ 

​တိုးတက်လာတဲ့ အရာတွေမှာ ဆိုးကျိုးကတော့ အမြဲတွဲပါတယ်ဆိုပေမယ့် အတတ်နိုင်ဆုံး ကောင်းတာလေးတွေကို ဖန်တီးယူကြဆိုနော်။ 

 

Ps. Facebook လို့အဓိက ရေးပေမယ့် ကျန်တဲ့ social media တွေလဲ အကျုံးဝင်ပါတယ်လို့ ☺️☺️☺️

မြန်မာ့ အမျိုးသမီး ပန်းချီပညာရှင်များကိုလည်း တန်ဖိုးထားကြပါ
Lady in Red/ အမေစုရဲ့ ပန်းချီကားတချပ်

Comments (59)

  1. twin68club

    Twin68club is a lot of fun! The games are smooth and very entertaining! The customer service is great and very friendly. Checkout the site: twin68club

  2. ee88casino

    EE88 Casino, felt pretty standard. I’ve seen worse, but hey, it is a place to play. Check it out here ee88casino.

  3. fyyobe

    Fyyobe, now that has a special ring to it, right? Honestly, average. Try it yourself at fyyobe. And you decide for yourself.

  4. jili777casino

    Okay, Jili777casino.info seems like it has some alright slots. Nothing groundbreaking, but a good place to unwind after a long day. Check out jili777casino if you’re bored.

  5. top blackjack in adelaide

    The game selection only covers titles with big win potential and thrilling features.
    However, always ensure that the fun doesn’t stop and you play responsible and
    within your limits. For those ready to stake R1,000 a spin, the Playa Bets High
    Roller Lounge is open.
    Cobb also ties Solvang tropes into his menu, offering
    custom drinks such as the Solvang Siren, Suffering Scandinavian, and
    Bloody Viking. For most visitors, though, it’s a genuinely cool
    experience that you’ll be glad you did. However, if you’re pinching pennies or need constant high-energy action, your money might be better spent elsewhere.

    So, it’s very convenient to purchase a drink here to bring into your High Roller pod.

    The Sky Lounge offers everything you’d expect from a bar, including beer,
    wine, spirits, and mixed drinks. Enjoying a drink or two on the
    High Roller Ferris wheel is one of the most thrilling experiences
    in Las Vegas. This article will answer your questions about the bar on the High Roller and if the open bar option is worth it for you.
    Almost every place on the Las Vegas Strip has a bar
    in it or near it, so you’re well within your rights
    to expect the High Roller to have one.
    Contrary to intuition, the wheel’s support legs cant in rather than out, to save space
    on the ground. High rollers can access exclusive tables with heightened limits, ensuring that the thrill of the game remains exhilarating.

    Whether it’s a favorite drink served immediately or a specific dining
    request made with just a nod, you’re treated
    like royalty. For these players, it’s not simply about winning money — it’s about proving themselves at the highest level and embracing a lifestyle
    where every decision counts. Each one offers big win potential, thrilling gameplay and furthermore mechanics designed to keep the
    excitement soaring at high stakes.
    So you’re in Las Vegas, looking up at that giant, slow-moving wheel on the skyline
    and wondering, « Is that thing actually worth it? Whether you’re chasing the thrill of a big win or the satisfaction of being recognized as a valued guest, remember that the way you play is just as important as what you play. Casinos roll out the red carpet for them with perks like complimentary suites, private jet rides, and exclusive access to events. Ultimately, the high roller experience is designed to go beyond traditional casino standards.
    The High Roller is conveniently located on the Las Vegas Strip, making it easily accessible for visitors. The ride takes about 30 minutes, during which visitors can enjoy the views and sip on a drink from the open bar. The ride lasts 30 minutes, however, visitors are advised to set aside at least an hour for the onboarding and debarking process. For before and after the ride, the High Roller has multiple event spaces, including the Sky Lounge, Wheelhouse, and Pre-Roll. General Admission tickets afford visitors a standard 30-minute ride in one of the air-conditioned cabins.
    It’s not a replica of the Mahogany Room – but it’s the closest you’ll get without wearing dress shoes. Most Aussie players Googling high roller tables at Melbourne casino on are curious about the luxury – but they also want access to high-stakes environments without flying to Melbourne or meeting strict VIP criteria. Entry to top-tier VIP spaces is typically reserved for Platinum and Black-level players, built through sustained turnover and play.
    The High Roller Happy Hour lasts exactly 30 minutes — one full rotation of the observation wheel. Many visitors assume they need a special ticket for a nighttime Happy Hour ride. Choose from some of Sin City’s top activities and save up to 55%. Save money on the door price of 2, 3, 4, 5, 6, or 7 Las Vegas attractions with a 60-day Las Vegas Explorer Pass. The Happy Hour upgrade adds $27, which covers unlimited drinks and bartender service for 30 minutes. The attraction does not offer Happy Hour discounts for seniors, students, or visitors with disabilities. No discounts are available for seniors, students, or disabled visitors.

    References:
    top blackjack in adelaide

  6. Bizzo Casino Kontakt

    Manche Online Casinos stehen nur für gewisse
    Zeiten für Kundendienstanfragen bereit, beim Bizzo Casino Kundenservice ist dies jedoch anders.
    Im Bizzo Casino können Spieler rund um die Uhr kompetente und freundliche Kundendienstmitarbeiter finden, die Ihnen bei jeglichen Anliegen zur Verfügung stehen. Wir verstehen uns ausschließlich als kostenfreie, unabhängige und neutrale Informationsquelle.
    Dazu zählen insbesondere Kontoeröffnung oder -schließung,
    Verifikation (KYC), Ein- und Auszahlungen, Bonusfragen, technische Störungen der Plattform, Passwort- oder Zugangsprobleme, Beschwerden oder Streitfälle.
    Eine Einzahlung nicht durchgeführt wurde und Sie unbedingt spielen wollen, sollten die
    Mitarbeiter dieses Problem schnellstmöglich mit der
    technischen Abteilung besprechen, damit Sie zum Spielen kommen. Oftmals kommt es vor, dass Spieler ihre Anfragen an die falsche Stelle weiterleiten. Aus diesem Grund reichen die drei
    oben genannten Kontaktarten völlig aus, um seine Anliegen mit den Kundendienstmitarbeitern zu besprechen.
    Der plattforminterne FAQ-Bereich deckt die häufigsten Fragen zu Kontoregistrierung, Einzahlungen, Auszahlungen, Bonusbedingungen und Werkzeugen für
    verantwortungsvolles Spielen ab. Für weniger
    dringende Anliegen — Dokumenteneinreichung, Kontofragen,
    die einen schriftlichen Nachweis erfordern, oder detaillierte
    Beschwerden — ist E-Mail der geeignete Kanal.

    Die Chat-Schaltfläche befindet sich unten rechts auf jeder Seite der
    Plattform — kein Navigieren zu einer separaten Kontaktseite notwendig.

    Diese Seite erklärt, welche Kanäle zur Verfügung stehen und wann welcher am
    sinnvollsten ist. Hier stehen Ihnen sieben Tage die Woche die deutschsprachigen Mitarbeiter Frage und Antwort.
    Wählen Sie zwischen zwei E-Mail-Adressen, einem Live-Chat sowie
    einem Kontaktformular, das direkt auf der Casino-Webseite verwendet werden kann.
    Hier stehen Spielern aus Deutschland altbekannte und bewährte
    Methoden zur Verfügung. Das Bizzo Casino hat Spielern aus Deutschland mehrere Möglichkeiten zur Verfügung gestellt, damit Sie sich, egal wie groß
    oder klein Ihr Anliegen auch sein mag, an sie wenden können.
    Nur Betreiber mit einer gültigen deutschen Lizenz dürfen ihre Dienste legal anbieten.
    Alle Inhalte auf dieser Seite dienen ausschließlich redaktionellen und
    informativen Zwecken. Wenden Sie sich für solche Themen ausschließlich
    an den offiziellen Kundendienst des jeweiligen Betreibers.
    Wir beantworten Anfragen in der Regel innerhalb von 24–48 Stunden an Werktagen. Wir verarbeiten personenbezogene Angaben ausschließlich
    zur Bearbeitung Ihrer Anfrage und speichern sie nur so lange,
    wie es hierfür erforderlich ist. Wenn Ihnen sachliche Fehler, veraltete Angaben,
    unklare Formulierungen, Tippfehler oder Probleme mit der Verständlichkeit auffallen, teilen Sie uns dies
    bitte mit. Vor dem Öffnen des Chats lohnt sich ein kurzer Blick dort — Standardfragen zu Bearbeitungszeiten, Verifizierungsanforderungen und Bonusumsatzbedingungen sind dort detailliert
    beantwortet.
    Diese drei Bizzo Casino Kontakt Möglichkeiten sind die gängigsten Kontaktarten in einem reputablen Online Casino.

    Um mit dem Kundenservice des Bizzo Casino in Kontakt
    zu treten, stehen Spielern aus Deutschland eine Vielzahl
    von bekannten Kommunikationsarten zur Verfügung. Um
    benachrichtigt zu werden, wenn Ihr Spiel fertig ist, hinterlassen Sie
    bitte unten Ihre E-Mail.

Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *

Viewed
Chuu Wai
Close

My Cart

Close

Wishlist

Recently Viewed

Close

Great to see you here !

A password will be sent to your email address.

Already got an account?

Close

Categories