မြန်မာ့ အမျိုးသမီး ပန်းချီပညာရှင်များကိုလည်း တန်ဖိုးထားကြပါ

ပန်းချီပြခန်း၊ ပြတိုက်တွေကို ကြည့်လိုက်ရင် အမျိုးသားတွေသာ နေရာယူ လွှမ်းမိုးထားတာမျိုးတွေ အများဆုံး တွေ့နိုင်ပါတယ်။ မြန်မာပြည်မှာလဲ ထိုနည်း၄င်းပါပဲ။ မြန်မာနိုင်ငံမှာ အရည်အချင်းရှိပြီး ထက်မြက်တဲ့ အမျိုးသမီး ပန်းချီပညာရှင်တွေ မရှိလို့ မဟုတ်ပါဘူး။

ဒီလို ဖြစ်လာတာဟာ ရှေးအယူအဆတွေကြောင့်လား၊Gender Discrimination လို့ခေါ်တဲ့ ကျား၊မ ခွဲခြား ဆက်ဆံမှုတွေကြောင့်လား၊ ပညတ်ချက်တွေကြောင့်များလား။

ဟိုးအရင် သမိုင်းကြောင်းမှာကတည်းက အမျိုးသမီး ပညာရှင်တွေ ပေါ်ထွန်းခဲ့ပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့ ကဏ္ဍမျိုးတွေအတွက် နေရာမပေးခဲ့ပါဘူး။ ဒုတိယ ကမ္ဘာစစ် မတိုင်ခင်ကာလအထိ အမျိုးသမီး ပန်းချီပညာရှင်အနေနဲ့ မှတ်တမ်းတင်ထားတာ မရှိသလောက်ကို ရှားပါးခဲ့ပါတယ်။

ပြောင်းလဲလာနေပြီဖြစ်တဲ့ ခေတ်ကာလနဲ့အတူ အမျိုးသမီးတွေဟာလည်း အမျိုးသားတွေနဲ့ တန်းတူ ကဏ္ဍပေါင်းစုံမှာ ရင်ဘောင်တန်းပြီး လုပ်ဆောင်နိုင်ကြပါပြီ။ဒါပေမယ့် နေရာပေးဖို့၊တန်ဖိုးထားနိုင်ဖို့၊ချီးမြှောက်ဖို့အတွက်တော့ တွန့်ဆုတ်နေကြပါသေးတယ်။

မွေးကတည်းက ပုံသွင်းခံလာ ရတဲ့ မိန်းကလေးတွေဟာ ဖန်တီးမှု၊ တီထွင် မှုတွေ လုပ်ကြရတော့မယ့် အခါ အမျိုးသားတွေလောက် အတွေးခေါ်ရဲရင့် ပွင့်လင်းမှုမရှိတာလဲ အများစုကြုံရတာပါပဲ။ ဒီထဲကမှ ရုန်းထွက်ဖို့ အရင် ကြိုးစားခဲ့ကြရတာ၊ နောက်မှ တဆင့် ဖောက်ထွက် ဆန်းသစ်တဲ့ ဖန်တီးမှုကို တခါထပ် ကြိုးစားရပြန်တယ်။ ပြီးမှ အမျိုးသားတွေ ကြားမှာပါ တန်ဖိုးတူ လက်ခံနိုင်ဖို့ ထပ်ရုန်းကန်ရပြန်တယ်။

ဘာလိုအပ်နေသလဲလို့ ဆိုရရင် အရည်အချင်းရှိတဲ့ အမျိုးသမီး ပညာရှင်တွေ၊ နေရာကဏ္ဍ အသီးသီးမှာ ကြိုးစားနေကြတဲ့ ခြူးတို့ အမျိုးသမီး တွေ အတွက် မသိချင်ယောင်ဆောင်နေတာတွေ ရပ်ပြီး နေရာပေးဖို့၊တော်တဲ့သူကို တော်တဲ့သူအလျှောက် ချီးမြှင့်ဖို့၊ တန်ဖိုးထားဖို့၊ တွဲခေါ်ပေးနိုင်ဖို့ပါ။

အမျိုးသားထု လွှမ်းမိုးတဲ့ နယ်ပယ်မှာ အသိမှတ်ပြုခံရဖို့ မိန်းကလေးတယောက် ကြိုးစားရတာဟာ အဆင့်ဆင့် အများကြီးပါ။

လက်တွဲခေါ်သူတွေ ကို « ခင်ဗျာက မိန်းကလေးမို့ ကူညီတာပါ » ဆိုတဲ့ စကားနဲ့ ကမ်းတဲ့ လက်တွေကို ပုတ်ချစေခဲ့တယ်။ ကြိုးစားမှု အတွက် ရလာမယ် နေရာလေးတခုကို မ၀င့်မရဲ ဖြစ်အောင် ရိုက်ချတာမျိုးတွေ ကြုံလာကြရပြန်တယ်။

ပိုမို တိုးတက်တဲ့ နိုင်ငံ၊နယ်ပယ် ဖြစ်လာဖို့အတွက်ဆိုရင် လူ့စွမ်းအားအရင်းအမြစ် တွေကို တိုးမြှင့်ဖို့ လိုအပ်ပါတယ်။ဒီလို တိုးမြှင့်ရာမှာလည်း အမျိုးသမီး ပညာရှင်တွေကိုလည်း အခွင့်အရေးပေးပါ။တန်ဖိုးထားပါ။

အောင်မြင်တဲ့ ယောကျာ်းပန်းချီဆရာ တယောက်ဖြစ်ဖို့ ထက် အောင်မြင်တဲ့ မိန်းမပန်းချီဆရာဖြစ်ဖို့ ပိုခက်ခဲ့တာ အားလုံးလက်ခံရမှာပါ။ ဒါကြောင့် အမျိုးသမီး ပညာရှင်တွေကိုလည်း အခွင့်အရေးပေးပါ။ တန်ဖိုးထားပါ။ ချီးမြှောက်ပေးပါ။ ကြိုးစားမှုတွေကို အသိမှတ်ပြုပေးပါ။

Facebook နဲ့ Social media အဆိပ်အတောက်ဖြေခြင်း

Comments (8)

  1. g9777mx

    Looking for a fresh online gaming experience? Check out g9777mx they seem to have a nice range of games. I am going to try it out this weekend. You can find them here: g9777mx

  2. vingroupvic88

    Alright, alright, vingroupvic88… Heard some buzz about this one. Gonna have to check it out myself and see if it lives up to the hype. Might be worth a look, folks! Check it out here: vingroupvic88

  3. ojwin. com

    Looking at ojwin. com, not sure if it’s my kind of thing, haha, but might be yours! Check out the hype and you might like it, you never know: ojwin. com

  4. mg bet

    Alright, alright, alright… mg bet. I’ve been seeing this name pop up. Worth a spin, ya think? Check it out friends: mg bet

  5. multi bet

    Been hitting some nice wins with ‘multi bet’ options on Multibett. They have a good selection and the site is easy to navigate. Give it a go. Check it here multi bet

Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *

Viewed
Chuu Wai
Close

My Cart

Close

Wishlist

Recently Viewed

Close

Great to see you here !

A password will be sent to your email address.

Already got an account?

Close

Categories